ခနော်နီခနော်နဲ့ ကံက္မြာနဲ့ ဒုက္ခ၀န်ထုပ်ဝန်ပိုးကိုထမ်းလို့
လေနီကြမ်းတွေ တိုက်တဲ့အခါတိုက် လေနုအေးညင်းတဲ့အခါညင်းပေါ့
မုန်တိုင်းတွေတိုက်တဲ့အခါလည်း မိုးရေကိုလည်းခံတက်နေပြီ
လူ့သက်တမ်းရဲ့ သုံးပုံ တစ်ပုံ ကိုကျော်ဖြတ်လာခဲ့ပြီဆိုတော့လည်း
ခပ်ညံညံ အတွေ့အကြုံတချို့ကို ပိုင်ဆိုင်ထားတယ်
ဒါကြောင့်လည်း ဘ၀လမ်းကြောင်းပေါ်မှာလျှောက်နိုင်ခဲ့တာပေါ့
လက်ထဲက “ တက်ကြမ်း ” စာအုပ်ကိုတော့ အဟောင်းဆိုင်မှာ ရောင်းခဲ့တယ်
အောင်မြင်မှု့လမ်းစကိုတွေ့နေပြီ . . . ပန်းတိုင်ကတော့ ဝေးနေဆဲပဲ
ဒါပေမယ့်အားတင်းထားတယ် ဘ၀ရဲ့ပန်းတိုင်ကို
ဆက်လျှောက်နေဆဲ ဆက်လျှောက်နေမြဲ အသိလေးတစ်ခုကြောင့်ပေါ့ဗျာ. . .
နောက်ပြီး . . . မျှော်လင့်ချင်းတွေ ကိုယုံကြည်နေသရွေ့ပေါ့ ။ ။
VA (phoecxan)



Recent Comments